အားလုံး`မင်္ဂလာပါ´လာရောက်လည်ပတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။လိုအပ်တာရှိရင်ပြောပေးကြပါ။ဆိုက်ကိုသာစည်သူသာစည်သားများအဖွဲ့မှ(9.11.2011)တွင်စတင်တည်ထောင်ခဲ့ပါသည်။နိုင်ငံတော်မှခွင့်မပြုသောစာများ၊ညစ်ညမ်းပုံများvideoများ၊ဖော်ပြချင်းအားလုံးဝ(လုံးဝ)မပြုလုပ်ပါရန်ကြိုတင်မေတ္တာရပ်ခံအပ်ပါတယ်။
Saturday, August 11, 2012
ကွန်ပြူတာကနေ တယ်လီဖုန်းကို Message လေးတွေ အခမဲ့ ပို့လို့ရတယ်
တယ်လီဖုန်းကနေ message လေးတွေ ၊ ပို့ချင်တဲ့ သတင်းအချက်အလက် လေးတွေကို ပို့ရတာ တော်တော်အဆင်ပြေတဲ့ အချက်ပါ ။ ဒါပေမယ့် တယ်လီဖုန်းပေါ်က ခလုတ်လေးတွေဟာ သေးသေးလေးတွေ ဆိုတော့ အလေ့အကျင့် မရှိသူ အတွက်ကတော့ ပို့ချင်တဲ့စာကို ရိုက်ရတာ အတော်လေး လက်ဝင်လှပါတယ် ၊ ကွန်ပြူတာရဲ့ keyboard ကနေ message လေးတွေကို ရိုက်ပြီး ပို့နိုင်မယ်ဆိုရင်တော့ စာရိုက်ရတာ ပိုပြီးလွယ်ကူ မြန်ဆန်တာပေါ့ ၊ အဲလိုမျိုး ကွန်ပြူတာကနေ တယ်လီဖုန်းကို message ပို့နိုင်တဲ့ နေရာလေးကို ကျနော်တွေ့ထားပါတယ် ၊ အခမဲ့သုံးခွင့်လည်း ရဦးမယ်ဆိုတော့ ပိုကောင်းတာပေါ့ ၊ message လေးတွေ ဟိုပို့ဒီပို့ ပို့ချင်သူတွေအတွက် အတော်ပါပဲ ၊ အဲဒီနေရာနဲ့ သုံးစွဲပုံလေးကို လက်ဆင့်ကမ်း လိုက်ပါတယ်..
ပထမဆုံးကတော့ ဟောဒီအောက်ကနေရာလေးကို သွားလိုက်ပါ ၊ http://freemasti.me/sms.php ဟောဒီပုံလေးထဲကလို ဖြည့်ရမယ့်အကွက်လေးတွေ တွေ့မယ် ၊
(၁) Select country: မှာ ကိုယ်ပို့ချင်တဲ့နိုင်ငံကိုရွေးလိုက်ပါ ၊ နိုင်ငံရွေးပြီးတဲ့အခါ ဘေးချင်းယှဉ်နေတဲ့အကွက်မှာ country code ဖြည့်ပြီးသားဖြစ်သွားမယ် ၊ ဥပမာ.. ကိုရီးယားဆို 82 ၊ မြန်မာဆို 95 စသည်ဖြင့်ပေါ့
(၂) လက်ခံမယ့် ဖုန်းနံပါတ်ကို ဆက်ဖြည့်လိုက်ပါ ၊ Local အချင်းချင်းပဲ ဖြစ်ဖြစ် ၊ နိုင်ငံတကာကို ဖုန်းခေါ်သလိုပဲ ဖြည့်ရမှာဖြစ်တဲ့အတွက် ရှေ့ဆုံးက “0” သုညကို ချန်ထားခဲ့ရမှာဖြစ်ပါတယ် ၊
ဥပမာ..ကိုရီးယားက သူငယ်ချင်းတစ်ယောက်ကို message ပို့မယ်ဆိုပါစို့ ၊ သူ့ဖုန်းနံပါတ်က 010 6017 4235 ဆိုရင် ပို့တဲ့အခါ 821060174235 လို့ရိုက်ပါ
(၃) Write your message here လို့ရေးထားတဲ့ အကွက်လေးမှာ ရေးချင်တာတွေရေးပြီး Send SMS Now ကို နှိပ်လိုက်ပါ ။
တစ်ခါတရံမှာ CAPTCHA လို့ခေါ်တဲ့ စာလုံးမှန်အောင် ရိုက်ရတဲ့အကွက် လေးတွေ ရှိနိုင်ပါတယ် (အခုတော့ captcha မတွေ့ဘူး) ဒါဆိုရင် စာလုံးကို မှန်အောင်ရိုက်မှ ပို့လို့ရပါမယ် ၊ ကိုယ့်ဖုန်းနံပါတ်ကို message ပြန်ပို့ပြီး အရင်ဆုံးစမ်းကြည့်ပါ ၊ ပို့သူရဲ့ ဖုန်းနံပါတ်ကို ဖြည့်ဖို့မလိုတဲ့အတွက် message ၀င်လာတဲ့အခါမှာလည်း ဘယ်သူက ပို့လိုက်တယ် ဆိုတာ သိမှာမဟုတ်ပါဘူး ၊ သိစေချင်တယ်ဆိုရင် message ထဲမှာ ထည့်ရေးလိုက်ရမှာဖြစ်ပါတယ် ။
ကဲ.. အခမဲ့ရတဲ့ message လေးတွေနဲ့အတူ ပျော်ရွှင်မှုတွေ ရကြပါစေ.....
မူရင်း .... http://alinkabar.ning.com/profiles/blog/show?id=6320079%3ABlogPost%3A803134&xgs=1&xg_source=msg_share_post
Subscribe to:
Post Comments (Atom)
No comments:
Post a Comment